Tuesday, October 6, 2015

PC Cleaner Pro 23.0.15.10.2 with Key Full Version



မင်္ဂလာပါခင်ဗျာ ကွန်ပျူတာကိုမြန်ဆန်လာအောင်လုပ်ပေးနိုင်မည့် PC Cleaner Pro ဗားရှင်းအသစ်ကို တင်ပေးလိုက်ပါတယ်။ ကွန်ပျူတာကို Boot တက်တာ မြန်အောင်လုပ်ပေးနိုင်ပါတယ်

Friday, October 2, 2015

မန်ယူပရိတ်သတ်များတွက် နေ့စဉ်မန်ယူသတင်းတွေဖတ်နိုင်မယ့်MM RED DEVILS FUNS



မန်ယူပရိတ်သတ်များတွက် နေ့စဉ်မန်ယူသတင်းတွေဖတ်နိုင်မယ့်MM Red Devils Funs ဆိုတဲ့ APK လေးပါ
ဖေ့ဘုတ်စာမျက်နှာများမှ မန်ယူ ပေ့ခ်ျတွေ ဆိုဒ်တွေရဲ့ မန်ယူသတင်းတွေ သီးသန့် ဖတ်ရှုနိုင်မယ့် ဆော့ဝဲဖြစ်ပါတယ်။မန်ယူသတင်းတွေ၊ပွဲကြိုသတင်းတွေ၊ဒဏ်ရာစာရင်းတွေ အပြင်

Advanced SystemCare Pro 8.4.0.811+Crack (47.7 Mb)



All in One Optimizer ဆော့ဝဲတခုဖြစ်တဲ့ Advanced SystemCare Pro နောက်ဆုံးထွက် Version အသစ်လေးပါ။စက်ကို မြန်ဆန်သွက် လက်စေပြီး Flash ဖြစ်စေတဲ့ ဆော့ဝဲတခုပါ။

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ



မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ
Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။
တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။
တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။
Backup မှာရှာပါ။
စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။
Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။ Hard Disk Drive Vs Solid State Drive
အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။
HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။
အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။
အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။
အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။
Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။
ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ 
သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Thursday, September 24, 2015

photoshop သမားများအတွက် ထိုင်ခုံဒီဇိုင်းအလှလေးများ



 မင်္ဂလာပါ photoshop သမားများအတွက် ထိုင်ခုံဒီဇိုင်းလှလှလေးများကိုရှာတင်ပေးလိုက်ပါတယ်နော်၊အသုံးလိုသူများ
 အောက်မှာ 

photoshop သမားများအတွက် ထိုင်ခုံဒီဇိုင်းလှလှလေးများ



 မင်္ဂလာပါ photoshop သမားများအတွက် ထိုင်ခုံဒီဇိုင်းလှလှလေးများကိုရှာတင်ပေးလိုက်ပါတယ်နော်၊အသုံးလိုသူများ
 အောက်မှာ

Tuesday, September 22, 2015

Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့် နည်းလမ်း (၄) မျိုး


သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။

Recovery Partitiion ကို အသုံးပြုပါ။
-------------------------------------
နောက်ပိုင်းထုတ် ကွန်ပြူတာများ မှာ Operating System ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး ၀င်းဒိုး ကွန်ပြူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ 
ကွန်ပြူတာ မှာ Recovery Partition ပါမပါ သိနိုင်ဖို့ My Computer ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုနှိပ်ပါ။ Computer Management Window ပေါ်လာရင် ဘယ်ဘယ် Side Bar မှာ ရှိတဲ့ Storage အောက်က Disk Management ကိုနှိပ်ပါ။ အဲဒီမှာ Partition အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကနေ 20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့ Partitioin ကိုတွေ့ရင် Recovery Partition ပါရှိတယ်လို့ ယူဆလို့ရပါတယ်။ 
Recovery Partition ကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပြူတာ ကို ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပြူတာ အမျိုးအစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါတယ်။ 
o Acer – Alt + F10
o Asus – F9
o Dell/Alienware – F8
o HP – F11
o Lenovo – F11
o MSI – F3
o Samsung – F4
o Sony – F10
o Toshiba – 0 ( ကီးဘုတ် အပေါ်ထိပ်က Zero Key ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ Numpad မှ Zero Key ကိုနှိပိရမှာ မဟုတ်ပါ။)
ကွန်ပြူတာ အမျိုးအစား အလိုက် သက်ဆိုင်ရာ ခလုတ်များ ကို နှိပ်ရင် Recovery Partition ကို အသုံးပြုလို့ရပါပြီ။ ပြီးရင် ညွှန်ကြားချက် အတိုင်းဆက်လက်ပြုလုပ်ပါ။ Program တစ်ခု ကို အင်စတော လုပ်ရင် တွေ့မြင်ရတဲ့ Wizard များလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး ပြုလုပ်ပုံခြင်း မတူညီပေမယ့် ခက်ခဲမှု မရှိဘဲ လွယ်ကူပါတယ်။

Recovery Installer က Factory Reset ချပြီးတာနဲ့ သင့်ကွန်ပြူတာ ဟာ စက်ရုံထုတ် အခြေအနေ ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

Recovery Discs ကို အသုံးပြုပါ။
---------------------------------

သင့်ကွန်ပြူတာ မှာ Recovery Partition မပါရှိရင် Recovery Disc ကို အသုံးပြုနိုင်ပါတယ်။ Operating System ကို ကြိုတင်ထည့်သွင်းထားတဲ့ ကွန်ပြူတာများ မှာ Recovery Disc ပါရှိတတ်ကြပါတယ်။ Recovery Disc များဟာ CD or DVD အချပ်များဖြစ်ပြီး သင့်ကွန်ပြူတာ ကို Factory Reset ချပေးနိုင်ပါတယ်။ 
Recovery Disc ကို အသုံးပြုရတာ Recovery Partition ကို အသုံးပြုပုံ နဲ့ တူညီပါတယ်။ ဒါပေမယ့် Recovery Partition ကို Boot တက်ရမှာ မဟုတ်ဘဲ BIOS Settings ထဲမှ Boot Order မှာ CD or DVD ကို ပြောင်းလဲပြီး Boot တက်ရမှာ ဖြစ်ပါတယ်။ BIOS Settings ထဲ ၀င်နည်းက ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး မတူပါ။ Power ဖွင့်ပြီးရင် ပေါ်လာတဲ့ ကီး ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။ 
သင့် ကွန်ပြူတာ မှာ Recovery Disc မပါရှိရင် လည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ၀င်းဒိုး မှာ Recovery Disc or Drive ပြုလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ ကွန်ပြူတာ ပြဿနာများ မဖြစ်မီမှာ Recovery Disc or Drive များ ပြုလုပ်ထားသင့်ပါတယ်။ 
တစ်ချို့ ထုတ်လုပ်သူများ က Recovery Disc များပြုလုပ်ဖို့ အတွက် Program များ ထည့်သွင်းပေးထားတတ်ပါတယ်။ Recovery Disc ပြုလုပ်ထားခြင်း အားဖြင့် Recovery Partition များကိုဖျက်ပစ်နိုင်ပြီး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။

Windows 8 ရဲ့ Refresh or Reset ကို အသုံးပြုပါ။
----------------------------------------------------
Windows 8 ကစပြီး ကွန်ပြူတာ ကို Refresh နဲ့ Reset လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များ ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များ က အပေါ်ကနည်းများထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ကွန်ပြူတာ ကို Factory Reset ပြုလုပ်ပေးနိုင်ပါတယ်။ 
Refresh လုပ်တယ်ဆိုတာက ကိုယ်ပိုင် ဒေတာများ နဲ့ Metro Apps များကို သိမ်းပေးထားမှာ ဖြစ်ပေမယ့် အခြား Apps အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ 
Reset လုပ်ရင် ကိုယ်ပိုင်ဒေတာများ အပါအ၀င် Metro App နဲ့ အခြား App အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို စက်ရုံထုတ် အခြေအနေ ရောက်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို အခြားသူ ကို ရောင်းတော့မယ်ဆိုရင် Reset လုပ်သင့်ပါတယ်။ Reset လုပ်ရင် ၀င်းဒိုး ကို ပြန်ပြီး အင်စတော လုပ်ပေးမှာ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ နဲ့ Programs အားလုံး ကို ဖျက်ပေးမှာပါ။
Refresh or Reset လုပ်ဖို့အတွက် Windows Key + C ကိုနှိပ်ပြီး Charm Bar ကိုဖွင့်ပါ။ Settings > Change PC Settings ကိုနှိပ်ပါ။ General ကဏ္ဍ မှာ Refresh or Reset ပြုလုပ်နိုင်ပါတယ်။

သင့် Windows 8 ကွန်ပြူတာဟာ လုံးဝ Boot မတက်နိုင်တော့ရင် လည်း Refresh or Reset ကို အသုံးပြုနိုင်ပါတယ်။ဒီလိုအနေအထားမှာ Windows 8 Installation CD/DVD ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။

ဝင်းဒိုး ကို Reinstall ပြုလုပ်ပါ။
--------------------------------
သင့်ကွန်ပြူတာ မှာ Recovery Partition or Recovery Disc များမပါရှိဘူးဆိုရင် ဒါမှမဟုတ် Windows 8 ကို အသုံးပြုတာမဟုတ်ရင် နည်းလမ်းဟောင်း ကိုအသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချနိုင်ပါတယ်။ ၀င်းဒိုး ကို Clean Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ၀င်းဒိုး အခွေ ကို စက်ထဲထည့် ပြီး CD or DVD ကနေ Boot တက်ရမှာ ဖြစ်ပါတယ်။ Custom or Upgrade ရွေးရမယ့်နေရာမှာ Custom ကိုရွေးပြီး Clean Install လုပ်ရမှာပါ။

စမတ်ဖုန်းများ မှာသာမကဘဲ ကွန်ပြူတာ မှာပါ Factory Reset လုပ်နိုင်တယ်ဆိုတာ စာဖတ်သူ သိရှိပါပြီ။ သင့်ကွန်ပြူတာ မှာ ပြဿနာများ ကြုံတွေ့ရတဲ့အခါ ၊ Virus ကူးစက်တဲ့ အခါများ မှာ အပေါ်ကနည်းလမ်းများကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ပြုလုပ်နိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ.............

windows 7ကိုလျှင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ

Image result for computer speed

windows 7ကိုလျှင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ
==================================================

Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး OK ကိုနှိပ်ရမှာဖြစ်ပါတယ်။

Windows 7 boot time ကိုမြှင့်တင်ခြင်း။
=============================

Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင် msconfig လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of processors တွင် မိမ
ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, 8
ထို့နောက် OK လုပ်ပြီး Apply ကိုနှိပ်ပါ။

မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
===========================

Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။

Windows 7 shutdown time ကိုမြှင့်တင်ခြင်း
==================================

Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ် အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။
ပြောင်းလဲပုံကတော့ Start တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCA L_MACHINE\SYSTEM\CurrentControlSetControl တွင် right-click လုပ်ပြီး WaitToKil lServiceTimeOut
ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart လုပ်ပါ။

Search Indexing feature ကို disable လုပ်ပါ။
===================================

မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် services.msc လို့ရိုက် ထည့်ပြီး Windows Search ကို right-click လုပ်ကာ disable ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။

Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
=====================================

Task bar တွေကို thumbnail အဖြစ်ဖော်ပြခြင်း ဟာ Windows 7 ရဲ့အကောင်းဆုံး feature ဖြစ် ပါတယ်။ ဒါပေမဲ့ System ကိုနှေးကွေးစေတာကြောင့် ၎င်း thumbnail တွေရဲ့ဖော်ပြချိန်က
ို လျှော့ချပေး ခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။ပြုလုပ်နည်းကတော့ Start မှာ regedit လို့ရိုက်ပြီး HKEY_ CURRENT_USER \Software\ Microsoft\Windows\Current Version\Explorer\ Advanced
တွင် right-click လုပ်ပြီး New DWORD ကိုရွေးကာ ThumbnailLivePreview HoverTime လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင် right-click လုပ်ပြီး modify လုပ်ရပါမယ်။
ထို့နောက် Decimal Base တွင် 200 (0.2 seconds) လို့ထည့်ရပါမယ်။ ထို့ နောက် OK လုပ်ပြီး ကွန်ပျူတာကို restart လုပ်ရပါ မယ်။

System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
=================================

Windows 7 ရဲ့ system sound ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Start တွင် mmsys.cpl လို့ရိုက်ထည့်ပြီး Sounds tab တွင် No Sounds ကိုရွေးကာပြုလုပ်နိုင်ပါတယ်။

မလိုအပ်တဲ့ Startup ပရိုဂရမ်တွေကိုပိတ်ပါ။
=================================

အချို့ပရိုဂရမ်များဟာ Windows စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက် အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည်တို့ပါဝင်ပြီး
၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system ကို လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို uncheck လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။

Aero Theme ကို disable လုပ်ပါ။
===============================

Windows 7 ရဲ့ Aero Theme ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme ကို disable လုပ်လိုသူတွေအတွက် desktop တွင် right-click လုပ်ပြီး Personalise က
ို ရွေးကာ Windows Color tab ကိုကလစ်လုပ်ပြီး Enable Transparency box ကို uncheck လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for more color options တွင် standard (သို့) Basic theme ကို
ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။

credit to-= internet journal

ရောင်စုံ Facebook Apk




အခုတလောမှာခေတ်စား နေတဲ့ Facebook ရောင်စုံ(၉)မျိုး ကိုတင်ပေးလိုက်ပါတယ်.. မိမိရဲ့Facebook ကို အရောင်းမျိုးစုံလေးနဲ့ပြောင်းလဲအသုံးပြုနိုင်ပါပြီ.. အဆင်ပြေမယ်ဆိုအောက်မှာ

ရခိုင် Facebook Apk/Massenge Apk/Keyboard Apk များ



ရခိုင် Facebook Apk၊Massenger Apk/Keyboard Apk များ လိုချင်ရင်တော့ တစ်နေရာထဲမှာ

ဖုန်းတွေကို အမြဲတမ်းသန့်ရှင်းပို့ပါး သွက်လက်စေမယ့် Clean Master Apk



အခုတင်ပေးလိုက်တဲ့ Apk လေးကတော့ဖုန်းတွေကို အမြဲတမ်းသန့်ရှင်းပို့ပါး သွက်လက်စေမယ့် Clean Master Apk  ကိုမြန်မာဘာသာဖြင့်ရေးပေးထားတဲ့ Apk လေးဖြစ်တဲ့အတွက်

ဓာတ်ပုံများကို နှစ်ကိုယ်ခွဲ ဒီဇိုင်းမျိုးစုံလုပ်လို့ရတဲ့ Mirror Image Free Apk






ဓာတ်ပုံများကို နှစ်ကိုခွဲဒီဇိုင်မျိုးစုံလုပ်လို့ရတဲ့ Mirror Image Free Apk လေးကိုတင်ပေးလိုက်ပါတယ် အောင်မှာကျနော်နည်းနည်း အသုံးပြုနည်းများကိုပြပေးထားပါတယ်

ဘောင်လေးတွေနဲ့ပုံပြင်ချင်သူများအတွက် Frames png 7



PHOTOSHOP သမားများအတွက် အရမ်းလှပတဲ့ Framesလေးတွေတင်ပေးလိုက်ပါတယ်

ဘောင်လှလှ လေးနဲ့  ပုံပြင်ခြင်တဲ့  Photoshop သမားများအတွက် PNG Frames 5


Frames လှလှ လေးနဲ့  ပုံပြင်ခြင်တဲ မိတ်ဆွေများအတွက်

photoshop သမားများအတွက် အမျိုးသားဝတ်စုံ အသစ် PSD (12


Photoshop မိတ်ဆွေများအတွက် အမျိုးသားဝတ်စုံ အသစ် လေး တွေတင်ပေးလိုက်ပါတယ် အသုံးပြု ခြင်တဲ့မိတ်ဆွေများ



Photoshop မိတ်ဆွေများအတွက် အမျိုးသားဝတ်စုံ အသစ် လေး တွေတင်ပေးလိုက်ပါတယ် အသုံးပြု ချင်တဲ့မိတ်ဆွေများ

Camera360 Ultimate v5.4.6 Last Version Camera360 Ultimate v5.4.6


 Camera360 ဆိုရင်လူတိုင်းသိမှာပါ ဓာတ်ပုံရိုက်တဲ့နေရာမှာ အလှပဆုံးဖန်တီးပေးနိုင်တဲ့ Apk ကောင်းလေးတစ်ခုပါ အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်းယူနိုင်ပါတယ်။



                                    <<<DOWNLOAD>>>


ဆရာmgzinmyo ဆီမှကူးယူဖော်ပြသည်

မြန်မာTVလိုင်းနဲ့ထိုင်း TVလိုင်းအစုံကိုကြည်ရှု့နိုင်မည့်HTV.AEC.APK



မိုဘိုင်းဖုန်းတွေကနေတဆင့်အဝေးရောက်မြန်မာပြည်သူပြည်သားများအတွက်မြန်မာTVလိုင်းနဲ့ထိုင်း TVလိုင်းအစုံကိုကြည်ရှု့နိုင်မည့်HTV.AEC.APKလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

USB Block™ 1.5.5 Final ( Full Crack )




 USB Block™ 1.5.5 Final လေးဖြစ်ပါတယ်။
မိမိတို့ရဲ့ ကွန်ပြူတာမှာ တစ်ခြားတစ်ယောက် ကမသိအောင် USB Stick
နဲ့ Data ဖိုင်ဝင်ခိုးခဲ့ရင် Data Files တွေအခိုးမခံရအောင် လို့ USB Block™ 1.5.5 Final လေးကိုသာ
ဆောင်ထားပါဗျာ။

ကွန်ပျူတာမှာ USB STICK မတက်ဘူးဆိုရင် လုပ်နည်းလေးပါ



USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။

Tuesday, September 15, 2015

ဖုန်းနှင့် လုပ်စားနေတဲ့သူများအတွက်ရှိသင်တိုက်တဲ့ -Root Checker v5.6.1 Apk


Android ဖုန်းUsers တွေအတွက် မရှိမဖြစ်လိုအပ်မယ့် Root Checker Pro ဖြစ်ပါတယ်။ အထူးအားဖြင့်  ဒီဆော့ဝဲလေးကိုတော့ ဖုန်းကလစ်သူနဲ့ဖုန်းService သမားတွေ အထူးရှိနေသင့်တဲ့ဆော့ဝဲကောင်းလေးပါ။ဖုန်းတစ်လုံးကို Root လုပ်ပြီးတဲ့အခါ Root-access ရှိလား
မရှိလား သိချင်တဲ့ အချိန် ဒီကောင်လေးနဲ့ စမ်းသပ်ရတာဖြစ်ပါတယ်၊ Update ဗားရှင်းသစ်အလေး ဆောင်ထားချင်တဲ့ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါပြီ။ ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက် Android OS 2.3 အထက်ရှိဖုန်းသုံးနိုင်ပြီး

♥♥♥ပိုတိုရှော့အတွက်အသင့်လုပ်ပြီးသား အနောက်တိုင်းမင်္ဂလာဆောင်ပုံ♥♥♥


အားလုံးပဲအပြစ်တော့မမြင်ပါနဲ့နော်... ပိုတိုရှော့
                 DOWNLOAD LINK

တစ်ခါထဲနဲ့မိမိဖုန်းထဲမှာfbကောviberကောyou tubeပါကြည့်နှိင်မည့်floating apk




ဒီဆော့ဝဲလေးကတော့facebookသုံးရင်နဲ့ပဲyou tvbeကြည့်ကြည့်you tubeကြည့်ရင်နဲ့လည်viberကောfacebookတစ်ထဲကြည့်လို့ရမယ့်apkလေးပါအရမ်းကောင်းပါတယ်viberလည်ပြောရင်facebookလည်တစ်ခါထဲကြည့်ပြောချင်တဲ့သူများအတွက်အလုပ်မများတော့ဘူးပေါ့ဗျာကဲအောက်မှာ

ဒီဆော့ဝဲလေးကတော့wallpapersလန်းလန်းနဲ့အသုံးပြုချင်တဲ့သူများအတွက်




wallpapersလန်းလန်းလေးသုံးချင်သူများအတွက်ဒီဆော့ဝဲလေးကအရမ်းလှတဲ့ဆော့ဝဲလေးပါအောက်
ပုံကိုကြည့်လိုက်ပါကြိုတယ်ဆိုရင်ဒေါင်းသွားပါကိုယ့်ရဲ့ဓါတ်ပုံကိုယ့်ချစ်သူရဲ့

Tuesday, July 21, 2015

Internet Download Manager (IDM) 6.23 Build 16 Registered (32bit + 64bit Patch)-(9.66 Mb)

                             
2015,July,15 နေ့ထွက် Update ဆော့ဝဲတခုဖြစ်တဲ့ Internet Download Manager (IDM) 6.23 Build 16 ကိုတင်ပေးလိုက် ပါတယ်။IDM ကို Up to Date သုံးချင်နေသူများအဆင်ပြေစေရန် အတွက်ပါ။

WINDOWS 7,8.1 AIO EN.X86.X64.JUNE.2015 (9.38 GB)


ISO ဖိုင်တစ်ဖိုင်တည်းနဲ့ Win7 & Win8.1 နှစ်မျိုးစလုံးပါဝင်တဲ့ ISO ဖိုင်
ကိုတင်ပေးလိုက်ပါပြီ 32bit & 64bit in one နှစ်မျိုးစလုံးပါဝင်တဲ့ Edition
လေးပါ စုစုပေါင်း (23) မျိုးပါဝင်တဲ့အတွက် ဒီ ISO တစ်ဖိုင်တည်းနဲ့ဝင်းဒိုး
တင်တဲ့အချိန် ကြိုက်တဲ့ Windows ကိုရွေးချယ်ပြီးတော့ တင်နိုင်မှာဖြစ်ပါ
တယ်.. ကျနော်ဒီဖိုင်လေးကို ဆိုက်ပေါ်တင်နေတာ  ဖိုင်တွေမစုံသေးတာ
ကြောင့် ဒီနေ့မှအကုန်လုံး ဖိုင်တွေ Upload  တင်တာပြီးတဲ့အတွက်အချိန်
ကြာနေတာပါ ဖိုင်ဆိုက်အရမ်းကြီးတဲ့အတွက် ဖိုင်တွေကိုပြည့်စုံအောင်ဒေါင်း
ယူမှသာ ဖိုင်ဖြည်တဲ့အချိန်မှာ အဆင်ပြေမှာဖြစ်ပါတယ်..

Followers

Contact Form

Name

Email *

Message *