Tuesday, September 22, 2015

windows 7ကိုလျှင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ

Image result for computer speed

windows 7ကိုလျှင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ
==================================================

Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး OK ကိုနှိပ်ရမှာဖြစ်ပါတယ်။

Windows 7 boot time ကိုမြှင့်တင်ခြင်း။
=============================

Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင် msconfig လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of processors တွင် မိမ
ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, 8
ထို့နောက် OK လုပ်ပြီး Apply ကိုနှိပ်ပါ။

မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
===========================

Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။

Windows 7 shutdown time ကိုမြှင့်တင်ခြင်း
==================================

Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ် အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။
ပြောင်းလဲပုံကတော့ Start တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCA L_MACHINE\SYSTEM\CurrentControlSetControl တွင် right-click လုပ်ပြီး WaitToKil lServiceTimeOut
ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart လုပ်ပါ။

Search Indexing feature ကို disable လုပ်ပါ။
===================================

မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် services.msc လို့ရိုက် ထည့်ပြီး Windows Search ကို right-click လုပ်ကာ disable ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။

Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
=====================================

Task bar တွေကို thumbnail အဖြစ်ဖော်ပြခြင်း ဟာ Windows 7 ရဲ့အကောင်းဆုံး feature ဖြစ် ပါတယ်။ ဒါပေမဲ့ System ကိုနှေးကွေးစေတာကြောင့် ၎င်း thumbnail တွေရဲ့ဖော်ပြချိန်က
ို လျှော့ချပေး ခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။ပြုလုပ်နည်းကတော့ Start မှာ regedit လို့ရိုက်ပြီး HKEY_ CURRENT_USER \Software\ Microsoft\Windows\Current Version\Explorer\ Advanced
တွင် right-click လုပ်ပြီး New DWORD ကိုရွေးကာ ThumbnailLivePreview HoverTime လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင် right-click လုပ်ပြီး modify လုပ်ရပါမယ်။
ထို့နောက် Decimal Base တွင် 200 (0.2 seconds) လို့ထည့်ရပါမယ်။ ထို့ နောက် OK လုပ်ပြီး ကွန်ပျူတာကို restart လုပ်ရပါ မယ်။

System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
=================================

Windows 7 ရဲ့ system sound ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Start တွင် mmsys.cpl လို့ရိုက်ထည့်ပြီး Sounds tab တွင် No Sounds ကိုရွေးကာပြုလုပ်နိုင်ပါတယ်။

မလိုအပ်တဲ့ Startup ပရိုဂရမ်တွေကိုပိတ်ပါ။
=================================

အချို့ပရိုဂရမ်များဟာ Windows စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက် အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည်တို့ပါဝင်ပြီး
၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system ကို လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို uncheck လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။

Aero Theme ကို disable လုပ်ပါ။
===============================

Windows 7 ရဲ့ Aero Theme ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme ကို disable လုပ်လိုသူတွေအတွက် desktop တွင် right-click လုပ်ပြီး Personalise က
ို ရွေးကာ Windows Color tab ကိုကလစ်လုပ်ပြီး Enable Transparency box ကို uncheck လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for more color options တွင် standard (သို့) Basic theme ကို
ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။

credit to-= internet journal

0 comments:

Post a Comment

Followers

Contact Form

Name

Email *

Message *